Shining moments from Taylor Swift’s show!

Shining moments from Taylor Swift’s show!

ကျောင်းကအင်္ဂလိပ်ဘာသာဆရာမလေးနဲ့ ကာယလေ့ကျင့်ခန်းဆရာတို့ လက်ထပ်တော့မယ်တဲ့

- Millennials တွေတော်တော်များများ ဆယ်စုနှစ်တစ်ခုကျော််နားထောင်ခဲ့တဲ့ သီချင်းတွေရဲ့ ပိုင်ရှင် Taylor Swift ကတော့ engaged ဖြစ်သွားပါပြီ။

- သူ့ရဲ့ လှပတဲ့ စိန်ကြီးကတော့ ယခုခေတ် modern cut တွေနဲ့မတူတဲ့ Old Mine cut ဖြစ်ပါတယ်

 

- ခေတ်ပေါ်စိန်တွေကို ဖြတ်တောက်တဲ့အခါ တောက်ပပြီး လင်းလက်နေအောင် ဖြတ်လေ့ရှိပါတယ်။ Antique စိန်တွေ Old Mine cut ကတော့ Taylor Swift ရဲ့စေ့စပ်လက်စွပ်ကလိုပဲ နူးညံ့တဲ့ဖယောင်းတိုင်မီးရောင်မျိုးပေးနိုင်ပါတယ်ခေတ်ပေါ်စက်နဲ့ cut တာမဟုတ်ပဲ လက်နဲ့ ဖြတ်တောက်ထားတဲ့ မျက်နှာပြင်ကျယ်တွေရှိတဲ့အတွက်ရိုးရှင်းပြီးဆွဲဆောင်မှုရှိတဲ့ ရှေးဟောင်းပုံစံမျိုးကိုပေးစွမ်းနိုင်ပါတယ်။

- Taylor ရဲ့လက်စွပ်ကို Kindred Lubeck (New York က Artifex Fine Jewelry) ကဒီဇိုင်းရေးဆွဲခဲ့တာပါ။ ၇-၉ ကာရက်လောက်ရှိမယ်လို့ ခန့်မှန်းရပြီး တန်ဖိုးကအမေရိကန်ဒေါ်လာ ၁.၃ သန်းအထိ ရှိနိုင်ပါတယ်။
- နွေးထွေးတဲ့ ရွှေရောင်ပေါ်မှာထွင်းထားတဲ့ ဒီဇိုင်းလေးတွေနဲ့ဘေးနားမှာ လျှို့ဝှက်စိန်ပွင့်သေးသေးလေးနှစ်ပွင့်ကိုပါ ထည့်သွင်းထားပါတယ်။ (Taylor နဲ့ပတ်သက်တဲ့အရာတိုင်းက အဓိပ္ပာယ်ရှိတယ်လေ) အဲ့ဒီဒီဇိုင်းက ရှေးဟောင်းဆန်တဲ့ ရိုမန့်တစ်အငွေ့အသက်နဲ့ ခေတ်မီတဲ့ရိုးရှင်းမှုကို ပေါင်းစပ်ပေးထားတာပါ။
- Taylor က ဒီလက်စွပ်အကြောင်းကို “မင်းရဲ့ အင်္ဂလိပ်စာဆရာမနဲ့ ကိုယ်ကာယဆရာလက်ထပ်တော့မယ်” လို့ ရေးခဲ့ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ တကယ့်အပြင်ကအတိုင်း ရိုးသားပါတယ်။ လက်စွပ်လေးလိုပါပဲ။
MG&J Jewelry မှာဆိုရင် လက်ဝတ်ရတနာတွေဟာ တောက်ပနေရုံတင်မကဘဲ ကိုယ်ပိုင်ပုံပြင်
တစ်ခုကို ပြောပြနိုင်ရမယ်လို့ ယုံကြည်ပါတယ်။
- နှစ်ပေါင်းများစွာ ထိန်းသိမ်းထားနိုင်မယ့် ဒီဇိုင်းမျိုးတွေကနေ ကျွန်တော်တို့ရဲ့လက်မှုပညာနဲ့ ပြုလုပ်ထားတဲ့ ၂၃ ကာရက် မြန်မာ့ရွှေလက်ရာတွေအထိ၊ လက်ရာတိုင်းဟာ အဓိပ္ပာယ်ပြည့်ဝတဲ့ မေတ္တာတွေကို ဂုဏ်ပြုဖို့ ဖန်တီးထားတာပါ။
Old Mine Cut အကြောင်းကို ပိုသိချင်ရင်ကျွန်တော်တို့ရဲ့ MG&J YouTube Video ကို ကြည့်ရှုလို့ရပါတယ်။


Reference: The New York Times
Photo credit to the rightful owner for the pictures of Taylor Swift and her fiancé

MG&J Jewelry
- Crafting your dreams into reality
 - Helping you make informed dream purchases
Back to blog