Our Jewelry Fashion Show at Cambridge in the UK

Our Jewelry Fashion Show at Cambridge in the UK

MG&J Jewelry မှဂုဏ်ယူစွာဖြင့်တင်ဆက်ပေးခဲ့တဲ့ University of Cambridge မှ Fashion Show

-Cambridge University ဆိုတာသမိုင်းကြောင်းအရ အလွန်ခမ်းနားပြီး အစဉ်အလာကြီးမားတဲ့ တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ အဲ့ University မှာ ကမ္ဘာအရပ်ရပ်ကလူအများပါဝင်တဲ့ event လေးတွေပြုလုပ်လေ့ရှိပါတယ်။ 2025 ခုနှစ်မှာတော့ Fashion Runway Exhibition ဆိုတဲ့ event လေးကို MG&J Jewelry နှင့်အတူ University of Cambridge ရဲ့ကျောင်းသားကျောင်းသူများလက်တွဲပြီး ပူးပေါင်းကျင်းပဖြစ်ခဲ့ပါတယ်။


-Fashion Show လေးကို Cambridge Arms Hotel မှာ မတ်လ ၁၆ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး ပွဲမှာတက်ရောက်ချီးမြှင့်ပေးခဲ့ကြတဲ့သူတွေကတော့ Cambridge ကျောင်းမှ MBA ကျောင်းသားများနှင့် နိုင်ငံအရပ်ရပ်ကထူးချွန်တဲ့ပုဂ္ဂိုလ်များပဲဖြစ်ပါတယ်။ ခုလိုပွဲလေးကျင်းပခွင့်ရတဲ့အတွက် MG&J Jewelry မှ အမိမြန်မာမြေကိုကိုယ်စားပြုကာ မြန်မာ့လက်ရာရတနာထည်တွေကို ဂုဏ်ယူဝင့်ကြွားစွာပြသခဲ့ပါတယ်။ 



-MG&J မှခတ်လုပ်ထားခဲ့တဲ့ ရတနာထည်တွေကို စုံလင်စွာပြသပေးခဲ့ပြီး MBA ကျောင်းသားများအပြင် Southeast Asia, Japan အစရှိတဲ့နိုင်ငံများမှမိတ်ဆွေများနှင့် ဧည့်သည်များမှလည်းဆင်မြန်းပြီးတော့ အားဖြည့်ကူညီပေးခဲ့ကြပါတယ်။ ယခုလိုမျိုး မြန်မာ့တွင်းထွက်ကျောက်များနှင့် ပြည်တွင်းလက်ရာထည်များကို ကမ္ဘာ့စင််မြင့်တစ်ခုမှာ ဝင့်ကြွားစွာပါဝင်ပြသနိုင်ခဲ့တဲ့အတွက်လည်း MG&J မှအတိုင်းမသိဂုဏ်ယူမိပါတယ်ရှင်။


Fashion Runway Exhibition ရဲ့ Highlight ရွှေထည်တွေအနေနဲ့

  • Regal Amara
  • Sapphire Empress

  • Sapphire Serenade

  • Myanmar Landmark Earrings

  • Ocean Serenade Bracelet

  • Crimson Bloom Bracelet

  • Pink Sapphire Chel Ring

  • Pink Sapphire Diamond Halo Bracelet

  • Red Spinel Diamond Ring

  • Red Spinel Diamond Earrings

  • Huggie Earrings (Diamond/ Sapphire/ Ruby)

  • Tennis Bracelet

  • Diamond Zircon Ring

  • Diamond Tsavorite Earrings

  • Aurora Drops

  • Diopside Eternity Ring

အစရှိတဲ့အထည်လေးများကို စုံလင်စွာပြသပေးခဲ့ပါတယ်။ 

-အမိမြန်မာပြည်ကို အမှတ်တရအနေနဲ့ မန္တလေးမြို့ရဲ့ကျုံးပုံစံသွန်းလုပ်ပေးထားတဲ့ စိန်နားကပ်ထည်လေးကိုတော့ အဓိကထားပြသပေးခဲ့ပါတယ်။ မြန်မာပြည်မြေပုံလက်ရာလေးကိုလည်း ဆွဲသီး၊ ဆွဲကြိုး၊ လက်စွပ်၊ နားကပ်အထိအထည်မျိုးစုံဖန်တီးပေးကြောင်းကိုလည်း ပရိတ်သတ်အားလုံးသိရှိသွားအောင်ပြောကြားခဲ့ပါသေးတယ်။ 

-အခုလို Fashion Show မှတဆင့် မြန်မာ့လက်ရာကို ကမ္ဘာကသိစေအောင်မိတ်ဆက်ခွင့်ရရှိခဲ့လို့ အတိုင်းထက်အလွန်ပီတိဖြစ်ရပါတယ်။ ပြသဖို့အခွင့်အရေးပေးခဲ့တဲ့ University of Cambridge ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ UK မှာ in stock ရှိတဲ့အထည်လေးများကိုလည်း တစ်ခါတည်းကြည့်ရှုအားပေးလို့ရအောင် စုံလင်စွာပြသပေးထားပါတယ်ရှင်။ Customized Order များလည်း အပ်နှံနိုင်ပါတယ်ရှင်။ 

In stock & ready to deliver
- ရွှေရည် ၁၅ပဲရည် (23K Gold)
- ရွှေရည် ၁၄ပဲ ၂ရွေးရည် (22K Gold)
- ရွှေရည် ၁၂ပဲရည် (18K Gold)

MG&J Jewelry
No. 80/A, Kanbawza Lane (2), Golden Valley, Bahan Township, Yangon, Myanmar

Follow Our Page

Back to blog